ကိုဗစ်ဖြစ်ပြီးသူ ကာကွယ်ဆေးဘယ်အချိန်ထိုးလို့ရမလဲ❓

ကိုဗစ်ဖြစ်ပြီးသူ #ကာကွယ်ဆေးဘယ်အချိန်ထိုးလို့ရမလဲ❓ ပုံထဲမှာကြည့်ပါ။ (၃) လလို့အချို့ guideline ကဆိုထားလို့ကျနော်က ၃ လလို့ပြန်ပြန်ဖြေခဲ့တာပါ။ အခု ကျနော်အကြံပေးလိုတာက ကိုဗစ် positive ဖြစ်ထားသူ ကာကွယ်ဆေးထိ

 · 1 min read

ကိုဗစ်ဖြစ်ပြီးသူ #ကာကွယ်ဆေးဘယ်အချိန်ထိုးလို့ရမလဲ❓


May be an image of text that says 'EXPRESS explained. 国A WHENTOTAKE DOSE AFTER TESTING COVID-19 POSITIVE Individuals whose lab tests confirm SARS-2 COVID-19 illness should defer COVID-19 vaccination by three months after recovery. There is no requirementfo screening of vaccine recipientsby rapid antigen test (RAT) prior to vaccination #QUIXPLAINED'

ပုံထဲမှာကြည့်ပါ။ (၃) လလို့အချို့ guideline ကဆိုထားလို့ကျနော်က ၃ လလို့ပြန်ပြန်ဖြေခဲ့တာပါ။


အခု ကျနော်အကြံပေးလိုတာက ကိုဗစ် positive ဖြစ်ထားသူ ကာကွယ်ဆေးထိုးမယ်ဆိုလျှင် ...


▪️အကယ်၍ ကိုဗစ်ဖြစ်ချိန်မှာ blood plasma နဲ့ monoclonal antibody ကုထုံးကိုရယူထားသူဆိုရင် (၃) လစောင့်ပြီးမှကာကွယ်ဆေးထိုးပါ။

ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကုထုံးကရထားတဲ့ antibodies နဲ့ ကာကွယ်ဆေးကရမယ့် antibodies တို့ပြဿနာတက်မှာစိုးလို့လို့ ကူးစက်ရောဂါအထူးကု Dr. keith Armitage ကပြောထားပါတယ်။

ကာကွယ်ဆေးထိုးလိုက်တဲ့အချိန်လူထဲဝင်လာမယ့် Spike ပရိုတိန်းတွေကို antibody ကုထုံးကယူထားတဲ့ antibodies တွေကချေဖျက်ပစ်မှာစိုးလို့ပါ။

အဲ့ဒီကုထုံးယူထားသူကလည်း antibodies က ရက် (၉၀) လောက်ခံတော့ ကိုဗစ်ထပ်မံကူးစက်မှာမစိုးရပါ။


▪️အကယ်၍ #ကာကွယ်ဆေးတစ်ခါမှမထိုးဖူးသူဆိုရင် ကိုဗစ်ဖြစ်ပြီးနလန်ထချိန်မှာ ကွာရန်တင်းကာလ (၁၄) ရက်ပြီးတာနဲ့ ရက်ထပ်စောင့်စရာမလိုပဲ ကာကွယ်ဆေးထိုးလို့ရပါပြီ။

ကိုဗစ်ဖြစ်ချိန်မှာရထားတဲ့ antibodies အပေါ်မှာ ကာကွယ်ဆေးဟာ booster dose အနေနဲ့ ပိုအားကောင်းသွားစေတယ်လို့ဆိုပါတယ်။


▪️အကယ်၍ ကာကွယ်ဆေးပထမတစ်လုံးထိုးထားဖူးသူဆိုရင်လည်း ကိုဗစ်ဖြစ်ပြီး နလန်ထတာနဲ့ (၁၄) ရက်စောင့်ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလို့ရပါတယ်။

ဒါဆိုရင် ကိုဗစ်ဖြစ်ပြီးချိန်မှာ antibodies ထွက်တာပဲ ဘာလို့ကာကွယ်ဆေးလိုမှာလဲလို့မေးရင် ကာကွယ်ဆေးကရတဲ့ antibodies ဟာ သဘဝအတိုင်းရောဂါဖြစ်ပြီးချိန်မှာထွက်တဲ့ antibodies ထက်ပိုကောင်းတာကို တွေ့ရှိရတယ်လို့ဆိုပါတယ်။


Richard Myo Thant

27-July-2021

#Credit


No comments yet

No comments yet. Start a new discussion.

Add Comment