Favipiravir

ဈေးကွက်ထဲမှာဝယ်လို့ရနေတဲ့ တခုထဲသော COVID အတွက်သောက်ဆေးပါ။ Remdesivir လိုပဲ Virus သတ်တဲ့ အာနိသင်ရှိတဲ့သောက်ဆေးပါ။

 · 1 min read

၁. ဈေးကွက်ထဲမှာဝယ်လို့ရနေတဲ့ တခုထဲသော COVID အတွက်သောက်ဆေးပါ။ Remdesivir လိုပဲ Virus သတ်တဲ့ အာနိသင်ရှိတဲ့သောက်ဆေးပါ။

၂. Russia,Japan, China,India,italy တို့မှာ သုံးဖို့ ခွင့်ပြုထားပါတယ်။ Ukraine,Saudi,UAE,Bangladash တို့မှာလည်း စမ်းသပ်မှု့တွေအတွက်သုံးနေကြပါတယ်။

၃. Covid 19 မှာ အဓိကပါဝင်တဲ့ RdRp ဆိုတဲ့ enzyme တမျိုးဟာ တခြား virus က RdRp engyme တွေထက်စာရင် ဆယ်ဆလောက်ပိုပြီး အလုပ်လုပ်ပါတယ် ။အခု Favipiravir ကအဲဒီ enzyme ကိုတားပေးတဲ့အတွက် Covid မှာ အာနိသင်ရှိတာဖြစ်ပါတယ်

၄. 2021,May မှာ Favipiravir အာနိသင်အကြောင်းစမ်းသပ်မှု့လုပ်ပြီးထုပ်ပြန်ထားတဲ့ စမ်းသပ်မှု့စာတမ်းပေါင်း ၁၁ ခုကိုလေ့လာထားတဲ့စာစောင်အရ

Favipiravir က mild နဲ့ moderate လူနာတွေမှာ

- ၇ ရက်အတွင်း virus ပျောက်စေပါတယ်

- ၁၄ ရက်အတွင်းရောဂါသက်သာစေပါတယ်

- ဆေးမသောက်သူတွေထက် အဖျားနဲ့ချောင်းဆိုးတာကို စောစောပျောက်စေပါတယ်

- ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမတွေ့ရပါ

- severe လူနာတွေ critical လူနာတွေအတွက်တော့အကျိုးမရှိပါ။

၅. ဘယ်လိုသောက်ရမလည်း

- တရုတ်မှာ 1600 mg bd တစ်ရက် ပြီးရင် 600 mg bd ၇ ရက်ကနေ ၁၀ ရက်ထိပေးပါတယ်

- Japan မှာ 1800 bd တစ်ရက် ပြီးရင် 800 mg bd ၁၀ ရက်ကနေ ၁၄ ရက်ထိပေးပါတယ်

- Russia , India တို့မှာလည်း japan အတိုင်းပဲပေးပါတယ်

- Dose များရင် side effect များမယ်လို့တော်တော်များများထင်ကြပါတယ် ဒါပေမယ့် Ebola ရောဂါပှာ 6000mg stat နဲ့ 2400mg od ကိုးရက်ပေးတာတောင် minor side effect လေးတွေပဲတွေ့ခဲ့ရတယ်ပြောပါတယ်

- ကျွန်တော်တို့ပန်းလှိုင်မှာတော့ 1600 mg bd တစ်ရက် ပြီးရင် 800 mg bd ၇ ရက်ကနေ ဆယ်ရက်ထိပေးပါတယ်

- ဆေးအကြွင်းအကျန်တွေကိုကျောက်ကပ်ကနေစွန်ထုတ်တဲ့အတွက်ကျောက်ကပ်ကောင်းဖို့တော့လိုပါတယ်

၆. ဘေးထွက်ဆိုးကျိုးအနေနဲ့

- uric acid တက်တတ်တယ်

- ဝမ်းသွားတယ်

- အသည်း အင်ဇိုင်းတွေတက်တတ်တယ်

- နှလုံးခုန်တာနဲ့ပတ်သက်ပြီးပြသနာလေးတြွေဖစ်တတ်တယ်

- ကိုယ်ဝန်ပျက်ကျတတ်တယ် ကိုယ်ဝန်ရှိရင်မသောက်ရ

ကိုယ်ဝန်ရရင် ကလေး အင်ဂါမစုံဖြစ်တတ်တယ်

(ဆေးစသောက်တဲ့ရက်ကနေ ဆေးသောက်ပြီးတစ်ပတ် ဆယ်ရက်လောက်ထိ ကိုယ်ဝန်တား ထားရမယ်)

-တချို တီဘီဆေးနဲ့မတည့်ဘူး

- တချို့ဆီးချိုဆေးနဲ့ မတည့်ဘူး ဆီးချိုထိုးကျတာမျိုးဖြစ်တတ်တယ်

- တချိုပန်းနာရင်ကျပ်ဆေးနဲ့မတည့်ဘူး ပန်းနာရင်ကျပ်ဆေးကြောင့်သွေးထဲမှာ Favipiravir ပမာနပိုများလာတတ်တယ်

- ရေယုံဆေးကြောင့် Favipiravir အာနိသင်နဲသွားနိုင်တယ်

အထက်ပါအချက်အလက်များအားလုံးအရ Favipiravirဟာ mild နဲ့ modetate case တွေမှာ အကျိုးရှိတဲ့ဆေးဖြစ်တာမို့ covid RDT positive ဖြစ်ပြီ ရောဂါလက်ခဏာစပြတာနဲ့ချက်ချင်းသောက်ရင် ပိုဆိုးသွားဖို့အခွင့်လမ်းနဲပီးမြန်မြန်ပြန်နေကောင်းလာနိုင်ပါတယ်

အခုလိုအကျပ်တည်းအခြေအနေမှာ စောစောကူသမှု့ရထားရင် အောက်စီဂျင်လိုတဲ့အခြေနေရောက်ဖို့လည်းနဲနိုင်ပါတယ်

ပုံမှန်ဆိုရင် ဆေးအကြောင်း public ကိုပြောလေ့မရှိပေမယ့် ခုလိုအချိန်မှာတော့ အကျိုးရှိမယ်လို့မျှော်လင့်လို့ရေးမိပါတယ်

စောစောစီးစီးကုသမှု့ယူပြီးမြန်မြန်ပြန်နေကောင်းကြပါစေ

Dr KZW @ Wunna kyaw win

Pun Hlaing Hospital


No comments yet

No comments yet. Start a new discussion.

Add Comment