ကိုရိုနာဗိုင်းရပ်စ်ဘယ်လို ပျံ့နှံ့သလဲ။

ဗိုင်းရပ်စ်ရှိသူက ချောင်းဆိုး သို့မဟုတ် နှာချေသောအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမှုန်များသည် ၆ ပေအထိ ပျံ့နှံ့နိုင်သည်။

 · 1 min read

COVID-19 (ကိုရိုနာဗိုင်းရပ်စ် ရောဂါ၂၀၁၉) သည် SARS-CoV-2 ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ပျံ့နှံ့နိုင်သည်။ လတ်တလောရှိသိထားသည်များအရ ထိုဗိုင်းရပ်စ် ပျံ့နှံ့နိုင်သည့် နည်းလမ်းများစွာရှိသည်-
  1. ဗိုင်းရပ်စ်ရှိသူက ချောင်းဆိုး သို့မဟုတ် နှာချေသောအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမှုန်များသည် အနီးအနားရှိ လူများ၏ ပါးစပ်များ သို့မဟုတ် နှာခေါင်းများအတွင်းသို့ ဝင်ရောက်နိုင်သည်။
  2. ဗိုင်းရပ်စ်ပါဝင်သော လေထဲကအမှုန်များကို အဆုတ်များထဲသို့ ရှူသွင်းလိုက်နိုင်သည်။
  3. ဗိုင်းရပ်စ်သည် လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့ တစ်စုံတစ်ယောက်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ပျံ့နှံ့နိုင်သည်။
  4. ဗိုင်းရပ်စ်ရှိသော မျက်နှာပြင်များကို ထိပြီးနောက် မိမိ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိကိုင်ခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်။ ဗိုင်းရပ်စ်သည် အချို့မျက်နှာပြင်များတွင် ရက်အနည်းငယ်ကြာအထိ ရှင်သန်နေနိုင်သည်။



No comments yet

No comments yet. Start a new discussion.

Add Comment