Covid ဖြစ်နေချိန်တွင် အာဟာရပြည့်၀စွာစားသောက်ပါ

Post Covid-19တွင် အသားဓါတ်ပြည့်၀ရန် စားသောက်ရမည်။ (၁)အသား၊ ငါး တရက်လျှင် ၁၀ ကျပ်သား ၊ (၂) ကြက်ဥ တရက်လျှင် ၂ လုံး ၊ (၃)နို့ (သို့မဟုတ် ) အာဟာရမှုန့် တရက် ၂၀၀ ml ၊

 · 1 min read

#Covid ဖြစ်နေချိန်တွင် အာဟာရပြည့်၀စွာစားသောက်ပါဟုဆိုသော်ငြားလည်း တကယ်လက်တွေ့တွင်မူ အစာကောင်းကောင်း မစားနိုင်သဖြင့် ကိုယ်အလေးချိန်များလည်း ကျဆင်းကျရပါသည်။အားမရှိသလိုခံစားရ ခြင်း၊ မူးနောက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မကောင်းခြင်း စသည်တို့ ခံစားနေရပါသည်။ ထို့ပြင် နောက်ဆက်တွဲ (complication ) အဖြစ် သွေးခဲသည့် ပြဿနာများ ၊ Pulmonary Embolism ၊ Deep vein Thrombosis ၊ သွေးတွင်း Glucose level မငြိမ်သည့်ပြဿာနာများစသည်တို့လည်း ကျွန်မ၏ လူနာများတွင်တွေ့နေရပါသည်။

အဓိက ရေကို သောက်ပေးဖို့လိုအပ်ပါသည်၊ တနေ့လျှင် အနည်းဆုံး ၂ လီတာ သောက်ပေးရမည်။ မခါးသော ရေနွေးကြမ်းလည်း သောက်လို့ရပါသည််။ ကော်ဖီနဲ့ အရက်ကို သွေးခဲကာကွယ်ဆေးထိုးထားသောသူများတွင် မသောက်သင့်ပါ။ ဆေးလိပ်သောက်တတ်သူများ ဆေးလိပ်ဖြတ်ရန်အရေးကြီးပါသည်။

Post Covid-19တွင် အသားဓါတ်ပြည့်၀ရန် စားသောက်ရမည်။

(၁)အသား၊ ငါး တရက်လျှင် ၁၀ ကျပ်သား ၊

(၂) ကြက်ဥ တရက်လျှင် ၂ လုံး ၊

(၃)နို့ (သို့မဟုတ် ) အာဟာရမှုန့် တရက် ၂၀၀ ml ၊

(၄)ဒိန်ချဥ် 150 ml နှင့်ပျားရည် ထမင်းစားဇွန်း၁ ဇွန်း

(၅)အစိမ်းရောင်ရှိသော အရွက် - ဟင်းနုနွယ်၊ ကန်ဇွန်း၊ ဗူးရွက်၊ ကညွတ် --- ထမင်းစားဇွန်း ၆ ဇွန်း မှ ၁၀ ဇွန်း၊

(၆) သစ်သီး ၂ လုံး(ပန်ကန်လုံး ၂ လုံးစာ ) (စပျစ်သီး၊ အရည်ရွမ်းသီးများ၊ ဘယ်ရီသီးများ)

(၇ ) ထမင်း/ ခေါက်ဆွဲ / ကြာဆံ / ဖက်ထုပ် - (စားနိုင်သလောက် ) စသည်တို့ကိုစားသောက်ပေးဖို့လိုအပ်ပါသည်။

ဂျင်း၊ ဆနွင်း ၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ အစေ့အဆန်၊ မန်ကျီးသီးအနှစ် တို့ကိုဟင်းချက်ရာတွင် ထည့်သုံးပေးသင့်သည်။ Deep vein Thrombosis အတွက် ကာကွယ်မှုပေးနိုင်ပါလိမ့်မည်။ ဆီသုံးရာတွင်လည်း သံလွင်ဆီနှင့်နေကြာဆီကို ဦးစားပေး သုံးသင့်ပါသည်။

#ပါးစပ်မှအစားမ၀င်သူများ နှာခေါင်းပိုက် (Nasogastric tube ) ဖြင့်အစာသွင်းပေးရန်လိုအပ်ပါသည်။

အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများတွင်ထည့်သွင်းစဥ◌်းစားရန်လိုအပ်ပါသည်။ ၄င်းတို့သည် အာဟာရပြည့်၀အောင် မစားနိုင်ကြပါ။

#အဓိကရှောင်သင့်သည်မှာ အချိုရည်များ (Soft drink ) ၊ငန်သောအစားအစာများ၊ ဟင်းအနှစ်များ၊ လက်ဖက်သုပ်၊ ကလီစာများ၊ ၀က်အူချောင်း၊ကြက်အူချောင်းများ၊ အသင့်စားအစားအစာများကို ၃ လခန့်ရှောင်သင့်ပါသည်။

#အသက်ရှူလေ့ကျင့်ခန်းကို မနက်တကြိမ်၊ ညတကြိမ် ဆက်လုပ်သင့်ပါသည်။ အခြားပြင်းထန်သောလေ့ကျင့်ခန်းများကိုမလုပ်သင့်သေးသော်လည်း လမ်းလျှောက်ခြင်းကို မူမနက် ၁၅ မိနစ်၊ ညနေ ၁၅ မိနစ်ဖြင့် စသင့်ပါသည်။

Covid ဖြစ်ပြီးသူများ ၂၁ ရက် / ၃၀ ရက်တွင် medical check up ပြန်လည်ပြုလုပ်သင့်ပါသည်။

“လူသားအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ”

ဒေါက်တာဝင်းဝင်းမြင့်

(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)



No comments yet

No comments yet. Start a new discussion.

Add Comment