🚩Remdesivirက ဘာဆေးလဲ

Remdesivirက ဘာဆေးလဲ Covid လူနာတိုင်း သုံးလို့ရသလား။ ဘယ်နှစ်လုံးသုံးရလဲ။ Powder form နဲ့ liquid form ဘာကွာလဲ

 · 1 min read

🚩Remdesivirက ဘာဆေးလဲ


Remdesivirက antiviralလို့ ခေါ်တဲ့ virusတွေကို သတ်ပေးတဲ့ ဆေးလို့ အလွယ်ပြောပြလို့ ရပါတယ်။ Covid-19ဖြစ်စေတဲ့ SARS CoV-2မှာ သုံးဖို့ နိုင်ငံအချို့က အသိအမှတ် ပြုထားတဲ့ ဆေး ဖြစ်ပါတယ်။


🚩Covid လူနာတိုင်း သုံးလို့ရသလား။

အဖြေကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပေးပါရစေ။ ဆေးကို အများအားဖြင့် ကျောက်ကပ်၊ အသည်း အားကောင်းနေတဲ့ လူနာမှာမှ ပေးလို့ ရတာမို့ ဆရာဝန် ခွင့်ပြုချက်နဲ့မှ သုံးရပါမယ်။

🚩ဘယ်နှစ်လုံးသုံးရလဲ။

အများအားဖြင့်တော့ ၆လုံးသုံးတာ များပါတယ်

🚩Powder form နဲ့ liquid form ဘာကွာလဲ

liquid formက cold chainနဲ့ သိမ်းရမှာ ဖြစ်ပါတယ်။

2-8 ‘C နဲ့ သယ်ရမှာဖြစ်ပြီး cold chain မပျက်စေဖို့ ထားသိုတာ၊ သယ်ယူပို့ဆောင်တာတွေမှာ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ မြန်မာပြည်ခေါ်အရ ရေခဲဆေးဖြစ်ပါတယ်

Powder formကတော့ အခန်းအပူချိန် 30 ‘C ထိ ထားနိုင်ပြီး နေရောင်ခြည်နှင့်တော့ တိုက်ရိုက်ထိတွေ့လို့မရပါဘူး

အလွယ်တကူ သိမ်းဆည်း သယ်ယူနိုင်ပါတယ်။

💫အားလုံးပဲ ဘေးကင်းကြပါစေ

Credit: YangYing medical equipments and products


No comments yet

No comments yet. Start a new discussion.

Add Comment