COVID -19 ဘယ်ကကူးတာလဲ ရေထဲက ကူးတာလား???

Can COVID -19 be transmitted through water? Or Mosquitoes? Is COVID-19 transmission affected by weather? Dr Sylvie Briand busts popular myths about COVID-19 in this edition of Science in 5, WHO’s conv

 · 1 min read

အိမ်ထဲမှာ လောကကြီးကို အဆက်ဖြတ်ပြီး နေတဲ့သူတွေ ကိုဗစ်ကူးနေကြတော့ ပိုပြီး စိတ်ပူလာကြတာတွေ တွေ့ရတယ်။

ဘယ်လိုဖြစ်တာလဲ လေထဲပဲ ပြန့်နေလား၊ ရေထဲက ကူးတာလား၊ ခြင်ကိုက်ရင် ကူးမလား နဲ့ တချို့တွေလဲ စားမဝင် အိပ်မပျော် ဖြစ်နေကြလို့။


အပြင်မထွက်ဘူးဆိုပြီး လောကကြီးနဲ့ အဆက်ဖြတ်ထားပေမဲ့ delivery ပစ္စည်းကနေ ကူးနိုင်ပါတယ်။

တချို့တွေဆိုရင် လာပို့တဲ့သူနဲ့ တောင် closed contact မရှိပါ၊ စားပွဲပေါ်တင်ခဲ့၊ ပုံးထဲ ထည့်ခဲ့ခိုင်းပါတယ်။

ဈေးဝယ်ရင်လဲ mask တပ်ကြပါတယ်။


ဒါပေမဲ့ *****

တကယ်တမ်း အိမ်ထဲ ပစ္စည်းယူသွင်းတဲ့အခါ

"ကိုယ့်အိမ်ထဲ ဘယ်သူမှ မရှိဘူး" ဆိုပြီး

> mask မတပ်ထားပဲ ကိုင်တွယ် သန့်ရှင်းရေးလုပ်

> ပစ္စည်းတွေ သေသေချာချာ ပိုးမသတ်ပဲ

ကိုင်ပြီး လက်ပြန်မဆေး

> ပစ္စည်းပုံးတွေ မ တဲ့အခါ အဝတ်တွေနဲ့ ထိထားတာကို အဝတ်ပြန်မလဲပဲနေပြီး သတိမထားမိပဲ မျက်နှာကို ပွတ်မိ

> ပစ္စည်းတွေ၊ အဓိကက စာအုပ်တွေ UV နဲ့ ပိုးမသတ်ပဲ ကိုင်ပြီး စာဖတ်ပြီး သတိမထားပဲ မျက်နှာကို ပွတ်မိ

စတဲ့ အချက်တွေ ကနေ ကူးစက်ကြတာ ဖြစ်နိုင်ပါတယ်။


အိမ်ထဲ တယောက် နေမကောင်းရင် mask တပ်ပါဆိုတာလဲ မတပ်ကြလေတော့ တယောက် စ ဖြစ်ရင် တအိမ်လုံး ဘယ်သူမှ မသွားပဲ ကူးစက်ကြပါပြီ။

ကူးစက်မြန်ရောဂါနဲ့ ရင်ဆိုင်ချိန်မှာ သတိမထားမိတဲ့ လူတွေရဲ့ အမူအကျင့်၊ သန့်ရှင်းသပ်ရပ်မှု ရှိမရှိ၊ စည်းကမ်း စနစ်တကျ နေထိုင်နိုင်မှု ရှိမရှိတွေက အဆုံးအဖြတ်တွေပါ။

အရင်ကတော့ ဒီ စာတွေဟာ ရုံးတွင်းသာ သတိပေးဖို့ ရေးဖြစ်တာပါ။ အခုတော့ မိတ်ဆွေ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းတွေ ကူးစက်များလာလို့ သတိထားစရာတွေ အဖြစ် ရေးပါတယ်။

ကိုဗစ်က ထင်မထားတဲ့သူ နဲ့ ထင်မထားတဲ့ နေရာကနေ ကူးစက်နိုင်လို့

အားလုံး သတိနဲ့ နေထိုင်ပြီး ကျန်းမာအောင် ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။



https://www.who.int/.../media.../science-in-5/episode-3

Credit : Tin Htoo Khaing


No comments yet

No comments yet. Start a new discussion.

Add Comment