ကြောင်က တစ်ဆင့်ကူးသလား

 · 1 min read

🐈 #အကိုရေကြောင်ကနေကူးသလားတဲ့

ကြောင်ကိုလူကနေကိုဗစ်ကူးတာတော့ရှိပါတယ်။ #ကြောင်ကနေလူကိုပြန်ကူးနိုင်တဲ့နည်းကို ကျနော်ပြောပါမယ်။

ကြောင်မှာကိုဗစ်ရောဂါဖြစ်ရင် လူကိုပြန်ကူးနိုင်သလားကအခုပြောလို့မရသေးပါ။

ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ရောဂါပိုးလူမှာ စဖြစ်တာတိရိစ္ဆာန်ဆီကနေအစပျိုးလာတာပါ။ ဒါပေမယ့်ကြောင်ဟာလူကိုကိုဗစ်တိုက်ရိုက်ကူးစေတဲ့သတ္တဝါမဟုတ်ပါ။

အမေရိကန်ပြည်ထောင်စု San Diego တိရိစ္ဆာန်ရုံမှာ နှင်းကျားသစ်ကို ကိုဗစ်ကူးစက်သွားပါတယ်။

သူ့ကိုအစာကျွေးတဲ့ တိရိစ္ဆာန်ရုံဝန်ထမ်းဆီကကူးတာပါ။ အဲ့ဒီနှင်းကျားသစ်က ချောင်းဆိုးပြီးနှာရည်ယိုရာက ဝမ်းစစ်ကြည့်ရာမှာ ကိုဗစ်ဗိုင်းရပ်စ်ကိုတွေ့ခဲ့တာပါ။

🐈 အိမ်မွေးကြောင်တွေမှာ လူကနေကိုဗစ်ရောဂါကူးစက်သွားတဲ့သာဓကတွေရှိပါတယ်။

အမေရိကန် CDC ကတော့ အိမ်ကြွက်တွေမှာ ပထမဆုံးကိုဗစ်ဗိုင်းရပ်စ်ကူးစက်တာမတွေ့ရပေမယ့် #အခုအသစ်ဗီဇကွဲဗိုင်းရပ်စ်ကူးစက်တာကိုတွေ့ရတယ်လို့ဆိုပါတယ်

ကျနော်ကတော့ ကိုဗစ်လူနာပေါ်ကိုအိမ်မွေးတိရိစ္ဆာန်တက်တာ၊ အနားကပ်တာမကြိုက်ပါ။

ကိုဗစ်လူနာကအသက်ရှုထုတ်ချိန်မှာပါသွားတဲ့ ဗိုင်းရပ်စ်တွေဟာ ကြောင်ပေါ်၊ ခွေးပေါ်ကိုပါသွားနိုင်ပါတယ်။ ဒါဖြစ်နိုင်တဲ့ကိစ္စပါ။

အဲ့ဒီကြောင်က ကြမ်းပြင်တွေ၊ ခုတင်တွေ၊ အခြားလူပေါ်တက်ရင် #ဗိုင်းရပ်စ်ကိုသယ်ယူပေးတဲ့ ကျနော်တို့လက်နဲ့သဘောတရားအတူတူပါပဲ။

ဒါ့ကြောင့်ကိုဗစ်လူနာရှိတဲ့အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေကို #ကိုဗစ်လူနာနဲ့မထိတွေ့အောင် သပ်သပ်ခွဲထားပါခင်ဗျာ။

ဒါမှကျန်တဲ့မိသားစုဝင်တွေကို ကာကွယ်ပေးရာရောက်မှာပါ။

Richard Myo Thant

25-July-2021



No comments yet

No comments yet. Start a new discussion.

Add Comment