ကြက်သွန်ဖြူများများစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကိုယ်ခံအားမြှင့်တင်ပြီး တုပ်ကွေးကို ကာကွယ်ဖို့ ကြက်သွန်ဖြူစားကြစို့ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။

 · 1 min read

ကိုယ်ခံအားမြှင့်တင်ပြီး တုပ်ကွေးကို ကာကွယ်ဖို့ ကြက်သွန်ဖြူစားကြစို့

ကြက်သွန်ဖြူကတော့ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူကို ဖုတ်စားသူလည်း ရှိသလို ဒီအတိုင်း အစိမ်းစားတဲ့သူလည်း ရှိပါတယ်။ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အခြားအာဟာရဓါတ်တွေကလည်း ကျန်းမာရေး ကောင်းစေတာမို့ ဖတ်ကြည့်ပါဦးနော်။



အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ ယားယံခြင်းတွေကိုပါ သက်သာစေပါတယ်။


ကိုလက်စထရော ကျဆင်းစေခြင်း

ကြက်သွန်ဖြူ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin က ကျန်းမာရေးကို ကောင်းစေတာပါ။


သွေးတိုးရောဂါ သက်သာစေခြင်း

သွေးတိုးရောဂါ သက်သာစေဖို့အတွက် ကြက်သွန်ဖြူက စွမ်းဆောင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ဟာ သွေးဖိအား မြင့်တက်တာကို မဖြစ်စေဘဲ သွေးကြောတွေ ကောင်းမွန်စာ လည်ပတ်ဖို့ အထောက်အကူ ပြုပါတယ်။


မျက်စိအားကောင်းခြင်း

ကြက်သွန်ဖြူမှာ selenium၊ quercetin နဲ့ ဗီတာမင်စီတွေ များများ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ မျက်လုံးထဲကို ပိုးဝင်တာကြောင့် ဖောင်းအစ်တာတွေ မဖြစ်စေဘဲ မျက်စိအားကောင်းစေပါတယ်။


အအေးမိခြင်းကို သက်သာစေခြင်း

ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ အအေးမိတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ကြက်သွန်ဖြူ နှစ်မြွှာလောက် စားတာမျိုး လုပ်ပေးပါ။


အသည်းအားကောင်းစေခြင်း

ကြက်သွန်ဖြူ စားမယ်ဆိုရင်တော့ အသည်းအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


အဆိပ်အတောက်များကို သန့်စင်ပေးခြင်း

ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းများများ ပါဝင်တာက ခန္ဓာကိုယ်အတွင်းကလီစာတွေကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။


အရိုးအဆစ်သန်မာစေခြင်း

ကြက်သွန်ဖြူ အမြွှာသေးသေးလေးတွေက အရိုးအဆစ်တွေကို ကောင်းမွန်စေတယ်ဆိုတာ နည်းနည်းတော့ အံ့သြစရာ ကောင်းပါတယ်နော်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အရိုးအဆစ်တွေကို သန်မာစေပြီး Estrogen တွေကို တိုးမြင့်စေပါတယ်။


နှလုံးရောဂါ

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးရောဂါ သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူက အထောက်အကူပြုပါတယ်။ ကိုလက်စထရောနဲ့ အဆီတွေကို လျှော့ချပေးတာကြောင့် နှလုံးရောဂါ ထဖောက်တာတွေ နည်းစေပါတယ်။


Credit


ကြက်သွန်ဖြူအနံ့မကြိုက်လို့မစားချင်ဘူးဆိုသူများအတွက် "Garlic Oil"လေး ရှိတယ်နော်။


No comments yet

No comments yet. Start a new discussion.

Add Comment