Oatmeal စားသုံးခြင်းဖြင့်ရှိနိုင်တဲ့ အကျိုးကျေးဇူး (၁၀) ခု

Oatmeal မှာ Omega-3 fatty acids, Magnesium, Iron, Potassium နဲ့ Antioxidant များစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်အထူးပဲသင့်တော်ပါတယ်

 · 1 min read

တစ်နေ့တာကို ကောင်းမွန်စွာစတင်ဖို့အတွက် Oatmeal ပူပူလေးတစ်ခွက်က သင့်အတွက် ပြီးပြည့်စုံတဲ့မနက်စာတစ်ခုပါပဲ။ အုတ်ဂျုံမှုန့် လို့ခေါ်ကြတဲ့ ဒီ Oatmeal မှာ Omega-3 fatty acids, Magnesium, Iron, Potassium နဲ့ Antioxidant များစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်အထူးပဲသင့်တော်ပါတယ်။ ကဲ ဒီတော့ Oatmeal ကိုစားခြင်းအားဖြင့် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကြည့်ရအောင်။


(၁) သွေးတွင်းကသကြားဓာတ်ကိုထိန်းညှိပေးခြင်း

Oatmeal က ကာဗိုဟိုက်ဒရိတ် (Carbohydrates) ဓာတ်နည်းပါးတဲ့ အစားအစာအချို့ထဲမှာပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ကာဗိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက်လုံလောက်တဲ့စွမ်းအင်ပမာဏကိုသာ ထိန်းသိမ်းသိုလှောင်ပေးထားတာကြောင့် သွေးတွင်းက သကြားဓာတ်ကိုမမြင့်တက်စေပါဘူး။


(၂) ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ခြင်း

Oatmeal မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာချေဖျက်မှုကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် အစာစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး အစာခံနိုင်စွမ်းရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ Oatmeal ကို မနက်စာအဖြစ်စားသုံးတဲ့ ကလေးများက တခြားကလေးများထက် အဝလွန်နိုင်ချေအတော်လေးနည်းပါးပါတယ်တဲ့။


(၃) အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလျော့ချပေးခြင်း

အမျှင်ဓာတ်များစွာပါဝင်ခြင်းက ဝမ်းသွားမှုစနစ်ကိုကောင်းမွန်စေတာကြောင့် အူမကြီးကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေပါတယ်။ နယ်သာလန် နဲ့ ဗြိတိန်မှာပြုလုပ်တဲ့ လေ့လာမှုများအရ Oatmeal လို အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ချေအလွန်နည်းပါးတာကိုတွေ့ရပါတယ်။ သူတို့ရဲ့လေ့လာတွေ့ရှိချက်အရ လူတစ်ယောက်က တစ်နေ့ကို အမျှင်ဓာတ် ၁၀ ဂရမ် စားမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ချေကို ၁၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ပါတယ်တဲ့။


(၄) အားကစားလုပ်နိုင်စွမ်းကိုမြင့်တက်စေခြင်း

Oatmeal မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိူတင်းဓာတ်များစွာပါဝင်တာကြောင့် လေ့ကျင့်ခန်း လုပ်ဆောင်မှုတွေကို အထောက်အကူပြုပါတယ်။ ကိုယ်ခန္ဓာစွမ်းအားကိုမြင့်တက်စေပြီး သက်လုံကောင်းစေပါတယ်။ လေ့လာတွေရှိချက်များအရ အားကစားသမားတွေ ထရိန်နင် မဝင်ခင် Oatmeal ကို စားခြင်းအားဖြင့် အားကစားလုပ်ဆောင်မှုစွမ်းရည်တွေကို ပိုပြီးမြင့်တက်စေပါတယ်တဲ့။


(၅) ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း

Oatmeal ကို ပုံမှန် စားသုံးပေးခြင်းဖြင့် ရင်သားကင်ဆာမဖြစ်အောင်လည်းတားဆီးပေးပါတယ်။ Oatmeal မှာပါဝင်တဲ့ Phytochemicals ဓာတ်တွေက ကင်ဆာဖြစ်ပွားနိုင်ချေကိုကာကွယ်ပေးပြီး အမျှင်ဓာတ်ကတော့ ဟော်မုန်းနဲ့ပတ်သတ်တဲ့ ရင်သားကင်ဆာလို ရောဂါမျိုးကိုတားဆီးပေးနိုင်ပါတယ်။


(၆) ဆီးချိုမဖြစ်အောင်တားဆီးပေးခြင်း

အပေါ်မှာပြောခဲ့သလိုပဲ Oatmeal က သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာကြောင့် ဆီးချိုမဖြစ်အောင်လည်းတားဆီးပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ မက်ဂနီဆီယမ် (Magnesium) ဓာတ်က ခန္ဓာကိုယ်ထဲက ဂလူးကို့စ် နဲ့ အင်ဆူလင် ကိုထိန်းညှိပေးပါတယ်။


(၇) ကိုလက်စထရော (Cholesterol) လျော့ကျစေခြင်း

Oatmeal ကိုစားသုံးခြင်းဖြင့် သွေးထဲက ကိုလက်စထရော တွေကိုလျော့ချပေးနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကိုဖြစ်စေတဲ့ မကောင်းတဲ့ ကိုလက်စထရော low-density lipoprotein (LDL) တွေကို ခန္ဓာကိုယ်မှ စုပ်ယူခြင်းမရှိအောင်တားဆီးပေးပါတယ်။


(၈) ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုမြင့်တက်စေခြင်း


Oatmeal မှာပါဝင်တဲ့ Beta-glycan လို့ခေါ်တဲ့အမျှင်ဓာတ်တစ်မျိုးက ခန္ဓာကိုယ်ထဲက ရောဂါကာကွယ်သော ပဋိပစ္စည်းများရဲ့ စွမ်းရည်ကိုမြင့်တက်စေပြီး ခုခံအားစနစ်ကိုမြင့်တက်စေပါတယ်။


(၉) ကောင်းစွာအိပ်ပျော်စေခြင်း

Oatmeal ကိုမနက်စာအဖြစ်စားသုံးကြသလို ညစာအဖြစ်စားသုံးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။ ဆာလောင်မှုတွေကိုလျော့ချပေးပြီး Serotonin နဲ့ Tryptophan ဓာတ်တွေကို ဦးနှောက်ဆီသို့ပို၍ရောက်အောင်ကူညီပေးတာကြောင့် ခန္ဓာကိုယ်ကိုသက်တောင့်သက်သာဖြစ်စေပြီး သင့်ကိုကောင်းစွာအိပ်ပျော်စေမှာပါ။


(၁၀) အင်န်တီအောက်ဆီးဒင့် (Antioxidant) ကြွယ်ဝစွာပါဝင်ခြင်း

Oatmeal မှာ သင့်ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ Avenanthramides လို့ခေါ်တဲ့ အင်န်တီအောက်ဆီးဒင့်ဓာတ်ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ထဲက ဆဲလ်တွေပျက်စီးမှုကိုတားဆီးပေးပါတယ်။ ဒီအင်န်တီအောက်ဆီဒင့်တွေမရှိဘူးဆိုရင် ကင်ဆာဖြစ်ပွားမှု၊ သွေးကြောများပို၍မာကြောလာခြင်း နဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုတွေကိုကြုံတွေ့လာနိုင်ပါတယ်။


Credit


No comments yet

No comments yet. Start a new discussion.

Add Comment