နနွင်း

နနွင်းသည်ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ ရှိ၏။ ကိုယ်ရေနွေစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာမကြေ ရောဂါကို ပျောက်ကင်းစေ၏

 · 1 min read

နနွင်းသည်ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ ရှိ၏။ ကိုယ်ရေနွေစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာမကြေ ရောဂါကို ပျောက်ကင်းစေ၏။



အသုံးပြုပုံ


နနွင်းသည် ရောဂါအမျိုးမျိုးကို ပယ်နိုင်၍ အသက်ရှည်စေသော ဆေးအဖြစ် ထင်ရှား၏။


  1. နနွင်းကို ငန်းဆေးအမျိုးမျိုး၊ မျက်စိဆေးအမျိုးမျိုး၊ ဒူလာဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ မှိုင်းဆေးအမျိုးမျိုး ဖော်စပ်ရာတွင် အသုံးပြုသည်။
  2. သွားဖုံးရောင်ခြင်း၊ သွားနာခြင်း၊ သွားကိုက်ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင်နိုင်ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
  3. နနွင်းသည် ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ ဝမ်းလျော ရောဂါတို့ကို ပျောက်ကင်းစေ၏။
  4. နနွင်းကို ဆားအနည်းငယ်ခတ်၍ တစ်နေ့ သုံးကြိမ်သောက်သော် လေထိုးလေအောက်ရောဂါ ပျောက်ကင်း၏။
  5. အကျိတ်နာ၊ ထိခိုက်ရှနာခြင်း၊ အတွင်းကြေဒဏ်ရာ ရခြင်းတို့အတွက် နနွင်းနှင့် ထုံးကို ရောစပ်လိမ်းပေးခြင်း၊ ဒဏ်ရာမှ သွေးထွက်လွန်ခြင်းတို့အတွက် နနွင်းမှုန့် သိပ်ပေးခြင်းတို့် ပျောက်ကင်းစေနိုင်စေနိုင်၏၊
  6. နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရည်နှင့် သောက်သုံးပေးပါက ဆီးအိမ်တွင်ကျောက်တည်ခြင်း ပျောက်၏။
  7. နနွင်းမှုန့်၊ ဆီးဖြူသီးဖျော်ရည်၊ ပျားရည်သုံးမျိုးရောသောက်သော် ဆီးပူ၊ ဆီးအောက်မှစ၍ ဆီးရောဂါအမျိုးမျိုးပျောက်ကင်းစေ၏။
  8. နနွင်းဥကို ပါးပါးလှီး၍ နေရိပ်တွင် လှမ်းပြီး ပျားရည်နှင့် တစ်ကြိမ်သုံးပြား၊ တစ်နေ့ တစ်ကြိမ်သောက်သော် အစာအိမ်ရောဂါပျောက်၏။

Credit


No comments yet

No comments yet. Start a new discussion.

Add Comment