ဘယ်အချိန်သွေးကျဲဆေးထိုးဘို့ လိုသလဲ။

ဘယ်အချိန်သွေးကျဲဆေးထိုးဘို့ လိုသလဲ။  · 1 min read


ဘယ်အချိန်သွေးကျဲဆေးထိုးဘို့ လိုသလဲ။

ကိုဗစ်ပိုးဟာသွေးကြောတွေရောင်ပြီး

သွေးခဲဖြစ်ပေါ်ပြီး

သွေးကြောပိတ်တတ်လို့

သွေးကျဲဆေး ထိုးရတာပါ။

ဘယ်အချိန်သွေးစခဲပြီးပိတ်နေပြီလဲ ဆိုရင်

အောက်ဆီဂျင်ရှူနေရက်နဲ့

လက်မှာတိုင်းရင်

အောက်ဆီဂျင်ဆက်တိုက်ကျပြီးနှလုံးခုန်ပိုမြန်လာ

ပိုမောလာတာမျိုးပါ။

ပထမဆုံး

ပိုမောလာရင်မလှုပ်သင့်တော့ပါ။

လှုပ်ရှားမှုများတိုင်း

အောက်ဆီဂျင်ပိုလိုအပ်ပါတယ်။

ပိုလိုအပ်လို့ ရှူတိုင်းလည်း

အဆုပ်ကရောင်နေတော့

သွေးထဲအောက်ဆီဂျင်ရောက်အောင်

မရှူနိုင်တော့ပါ။

လက်မှာတိုင်းရင်

အောက်ဆီဂျင်က

ဆက်တိုက်ကျနေတတ်ပြီး

နှလုံးခုန်နှူံးက မြန်နေ/ မမှန်တတ်ပါဘူး။

ဒါကြောင့်

မောလာရင်ငြိမ်နေရတဲ့ အခါ

ခြေသလုံးကြွက်သားလှုပ်ရှူားမှုနည်း>

ညှစ်အားနည်း>သွေးစီးမှု နည်း >

သွေးပြန်ကြောတွေ ဖောင်း> ရောင်ရမ်း> အနည်ကျ>သွေးခဲဖြစ်ပေါ်မှုလာပါတယ်။

ကိုဗစ်ကြောင့်

တကိုယ်လံုးမှာ

သွေးကြောနံရံများရာင်ရမ်းပါတယ် ။

အဆုပ်ကအကြိုက်ဆံုးနေရာမို့

လေအိပ်များအဓိကရောင်ရမ်းပြီး

အသကရှုတိုင်း လေအ်ပ်မကျယ်နိုင်တဲ့အခါ

ရှူတိုင်း သွေးထဲ ကို လိုအပ်သလောက်

အောက်ဆီဂျင်မရောက်တော့ပါဘူး။

****အဆုပ်ရောင်ရမ်းမှုများလေ

သွေးတွင်း အောက်ဆီဂျင်ပိုကျလေ

ပိုပိုမောလေပါ။

ဒါကြောင့် ကြားဖြတ်ပြောချင်တာက

အဆုပ်လေအိပ်များစွာ

များစွာမရောင်ရမ်းခင်ကထဲက

အဆုပ်လေအိပ်များကောင်းစွာပွင့်စေပြီး

သွေးထဲအောက်ဆီဂျင် ပိုရောက်အောင်

အသက်ရှူနိုင်တုံး လေ့ကျင့်ခန်းများ လုပ်ခြင်း

မှောက်အိပ်ခြင်း များ

မဖြစ်မနေ

ကြိုတင်ပြုလုပ်ကြသင့်တာပါ။

မောလို့ငြိမ်နေရတာများလာလေ

ကိုဗစ်ကြောင့်ရောင်ရမ်းနေတဲ့

ခြေသလုံးသွေးပြန်ကြောများအပြင်

တခြားသော

ခြေထောက်ပိုင်းနဲ့ တင်ပဆံုပိုင်း

သွေးပြန်ကြောတွေမှာပါ

သွေးခဲဖြစ်ပေါ်မှုတွေ ပိတ်ဆို့မှုတွေ

ထပ်ဖြစ်ပေါ်နိုင်လေဖြစ်ပါတယ်။

ခြေသလံုးသွေးပြန်ကြောမှာ

သွေးပြစ်>သွေးစီးနှုံးနည်း/ကျဉ်းမြောင်း/လာခဲ့ပြီး

သွေးကြောများ စတင်ပိတ်ဆို့လာပါတယ်။

ပိတ်တဲ့ခြေသလုံး ဟာ

တဘက်ထဲစရောင်လာပါတယ်။

ဆက်တိုက် နာ ကျင်/အနီရောင်သန်း/အပူချိန်တက်/

တဘက်နဲ့တဘက်မညီ ဖြစ်တတ်ပါတယ်။

*****ကြောက်စရာအကောင်းဆံုးကတော့

တချိန်ချိန်မှာတခုခုသောလှုပ်ရှားမှုကြောင့်

ခြေသလုံးသွေးပြန်ကြောထဲက

သွေးခဲတခုခုက ပြုတ်ထွက်ပြီး

အပေါ်ဘက်မျောပါရင်း

နှလံုးနဲ့ အဆုပ်ရဲ့ အောက်ဆီဂျင်လဲလှယ်မှု

တိုက်ရိုက်လမ်းကြောင်းတွေကိုပိတ်လိုက်တဲ့အခါ

နဂို ကကျဆင်းနေတဲ့

အောက်ဆီဂျင်ကို

သွေးထဲကိုထပ်မံမရောက်အောင်

ပိတ်ပင်တားဆီးလိုက်ပါတယ်။

******သွေးခဲအရွယ်နဲ့

ပိတ်တဲ့နေရာအနည်းအများပေါ်မူတည်ပြီး

အန္တရာယ် အကြီးအသေး ဖြစ်ပါတယ် ။

အခိျန်မရွေး

ရုတ်တရက်သေဆံုးတတ်ပါတယ်။

ဒါကြောင့်သွေး မခဲစေဘို့

ခြေသလံုးလေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

**သွေးမစီးဆင်းတာကြောင့်လေးလံထံုကျင်က်ုက်ခဲမှုအတွက် အပြင်းအထန် အနှိပ်မခံသင့်ပါဘူး။

အနင်းမခံသင့်ပါဘူး။

ပူးတွဲပါလေ့ကျင့်ခန်းများကိုသာ

ကြိုးစားလုပ်သင့်ပါတယ်။

မောပြီး အောက်ဆီဂျင်စရှူပြီဆိုရင်

သွေးကြောရောင်ရမ်းမှုတွေများလာပြီး

သွေးခဲ/သွေးပိတ်နိုင်ချေများလာလို့

သွေးကျဲဆေးကို အချိန်န်မီ စထိုးကြရပါတယ် ။

ညယ်အချိန်အထိထိုးသင့်သလဲဆိုတော့

အောက်ဆီဂျင်မပါဘဲ

*အမောပြေ

*လမ်းလျောက်နိုင်

*အစာစားနိုင်

*စကားပြောနိုင်သည်အထိ

လူနာပေါ်မူတည်ထိုးကြရပါတယ်။

အဆုပ်အရောင်ကျပြီး

လေအိပ်များ ပုံမှန်ပွင့်လို့

ပြင်ပ အောက်ဆီဂျင်မှီခိုမှု

တဖြေးဖြေးလျော့ကျလာပြီး

သဘာဝလေထဲကအောက်ဆီဂျင်ကို

ကိုယ်တိုင်ရှူသွင်းတဲ့အခါ

အသက်ရှူမမြန်

နှလုံးခုန်မမြန်ဘဲ

အားစျုကျမပါဘဲ

အသက်ရှူနိုင်ရင်နလံထစပြုပါပြီ။

အဆုပ်ဟာ

သွေးထဲအောက်ဆီဂျင်လိုအပ်မှုကို

စတင်ဖြည့်တင်းပေးနိုင်လာပါပြီ။

ဒါပေမယ့်

နလံထစကာလမှာ

အဆုပ်မှာလက်ကျန် ရောင်ရမ်း နေမှု များနဲ့

အမာရွတ်များရှိနေနိုင်သေး တဲ့အချိန်ပါ။

ဒီအချိန်မှာ

အောက်ဆီဂျင်လိုအပ်မှုများစွာလိုအပ်တဲ့

ပြင်းထန်အားစိုက်ရတဲ့ လှုပ်ရှားမှုမျိုးအတွက်

လုံလောက်တဲ့အောက်ဆီဂျင်ကို

အဆုပ်လေအိပ်များကပြည့်ဝစွာ

ရှူသွင်းနိုင်ခြင်းမရှိသေးလို့

အလောတကြီး

မပြုလုပ်သင့်ပါဘူး။

***လံုးဝငြိမ်နေရင်

သွေးခဲပိတ်မှုများလို့ အ န္တရာယ်ရှိသလို

အရမ်းပြင်းပြင်းထန်ထန်စိတ်လောကြီးရင်လည်း

အန္တရာယ် ရှိပါတယ် ။

ကိုဗစ်ပိုးနှစ်ပတ်ကာလပြုစားသွားတဲ့

ဒါဏ်ရာများနဲ့ လူမို့

ညှာတာစာနာရင်း

မိမိကိုယ်ကိုယ်ကိုမညာဘဲ

အသိသတိပညာဉာဏ်နဲ့

မဇ္ဇျိမ ပဋိပဋာလမ်းကို

သတိပဌာန်တရားနဲ့ရှူမှတ်ရင်း

လွတ်မြောက်ရာလမ်း ကိုလျောက်လှမ်းရမှာပါ။

နလံထကာလ ဟာ ၂လကနေ၆လ လောက်အထိ ကြာနိုင်ပါတယ် ။

ကိုဗစ်ကပ်ကာလတခုလံုးမှာ

မှန်မှန်မှီဝဲရမယ့်

စျေးအနည်းဆုံးလက်လှမ်းအမီဆုံး

ဆေးတလက်ပြောပါဆိုရင်တော့

အပ်ပမာဒထေသမ်မာဒထေ ပါဘဲ။

အသိသတိနဲ့ ရှင်သန်လွတ်မြောက်နိုင်ကြပါစေ။

မြင့်မြင့်စိန်



No comments yet

No comments yet. Start a new discussion.

Add Comment